Alinn Myat Wunn အလင်းမျက်ဝန်း
2.4 MB
Tamanho do arquivo
Android 2.2+
Android OS
Sobre este Alinn Myat Wunn အလင်းမျက်ဝန်း
Aproveite milhões de apps, jogos, filmes, músicas, TV, livros e revistas mais recentes para Android. A qualquer momento, em qualquer lugar, em todos os seus dispositivos.
မြန်မာမွတ်စ်လင်မ်တို့အတွက် သမိုင်းဝင် အစ္စလာမ့်မီဒီယာများဖြစ်ခဲ့သော "ကမ္ဘာ့အလင်း" "အစ္စလာမ့်အလင်း"
"အစ္စလာမ့်မျက်ဝန်း" တို့၏ အမည်များကို အခြေပြုကာ "အလင်းမျက်ဝန်း" ဟူ၍ မှည့်တွင်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် Facebook Page အဖြစ် ပြုလုပ်ပြီး မြန်မာမွတ်စ်လင်မ်တို့အတွက် သိသင့်
သိထိုက်သည်များကို လွယ်ကူစွာဖြင့် လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်ကြစေရန် Messages Letter များ ဖန်တီး၍
ဝေမျှပေးခဲ့သည့် ပထမဆုံးသော အပျော်တမ်း စာမျက်နှာ ဖြစ်ခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် Android OS စနစ်သုံး Mobile ဖုန်းများပေါ်တွင် အသုံးပြုနိုင်သည့် "အလင်းမျက်ဝန်း"
apk Version 1.0 ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံးသော မြန်မာဘာသာဖြင့် တင်ဆက်ပေးသည့် မိုဘိုင်း
သုံး အစ္စလာမ့် မီဒီယာအဖြစ် သမိုင်းသစ်ကို စိုက်ထူနိုင်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပိုမိုကောင်းမွန်သော Version 2.0 အဖြစ်နှင့် ပြင်ဆင်၍ Google Play Store
မှတစ်ဆင့် ကမ္ဘာအနှံ့သို့ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
ယခု apk ၏ အမည်မှာ Mubarak (လက်ဆောင်) ဟူ၍ဖြစ်ပြီး Version 3.0 အနေဖြင့် အောက်ပါ စနစ်များကို ထပ်မံ
ဖြည့်သွင်းထားပါသည်။
» အလင်းမျက်ဝန်း၏ အသစ်ပြောင်းလဲထားသော Logo အမှတ်တံဆိပ်ဖြင့် Icon ကို ဖန်တီးထားခြင်း
» အသုံးပြုစနစ်များအား လွယ်ကူစေရန် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း
» အလင်းမျက်ဝန်း၏ သတင်းများကို ယခင်ကထက် (၅) ဆ ပိုမိုမြန်ဆန်စွာဖြင့် ကူးယူဖော်ပြပေးနိုင်သည့် စနစ်သစ် ပါဝင်လာခြင်း
» သာမန်စာသား သတင်းများအပြင် အလင်းမျက်ဝန်းမှ တင်ပြပေးနေသော ရုပ်/သံ အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်သည့် စနစ်သစ်များ ပါဝင်လာခြင်း
» တင်ပြပေးသော သတင်းများအနက်မှ မိမိအလိုရှိသည့်အကြောင်းအရာများကို ချက်ချင်း မိတ်ဆွေများထံသို့ တိုက်ရိုက် ပြန်လည် မျှဝေပေးနိုင်ခြင်း
» တင်ပြပေးသော ရုပ်/သံ အစီအစဉ်များအား မိမိစက်ပေါ်တွင် ကူးယူ သိမ်းဆည်းထားနိုင်ခြင်း
» ကူးယူထားသည့် သတင်းများအား လိုသလို ပြန်လည်၍ ရှာဖွေအသုံးပြုနိုင်ခြင်း
» မိမိမိုဘိုင်းပေါ်မှ အလင်းမျက်ဝန်း၏ အင်တာနက်စာမျက်နှာများအား တိုက်ရိုက် ကြည့်ရှုနိုင်ခြင်း
» အလင်းမျက်ဝန်းသို့ မိမိကိုယ်တိုင် မိုဘိုင်းပေါ်မှပင် လွယ်ကူစွာ သတင်းများ ပေးပို့နိုင်ခြင်း
» အလင်းမျက်ဝန်းသို့ ဆက်သွယ်ရမည့် အချက်အလက် (လိပ်စာ) များကို ဖော်ပြထားခြင်း
» အသုံးပြုရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း
» မိမိစိတ်ကြိုက် မြင်ကွင်း အရောင်များကို ပြောင်းလဲအသုံးပြုနိုင်ခြင်း
» apk ၏ စနစ်အချို့အား မိမိစိတ်ကြိုက် အလွယ်တကူ ပြင်ဆင်နိုင်ခြင်း
» မိမိနှစ်သက်ရာ သတင်းများအား အလင်းမျက်ဝန်း၏ Web Site ပေါ်သို့ တိုက်ရိုက် သွားရောက်၍ ဖတ်ရှုနိုင်ခြင်း
» သတင်းသစ်များကို အလွယ်တကူ ရယူနိုင်ခြင်း
» မြင်ကွင်းအရောင်များအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်၊ အသုံးပြုနိုင်ရန် ဖန်တီးပေးထားခြင်း
» apk အား စတင်အသုံးပြုစဉ်တွင် မိုဘိုင်းအား အပြည့်အဝ လုပ်ဆောင်နိုင်ရန် စက္ကန့်အနည်းငယ်ကြာသော စောင့်ဆိုင်းချိန် ထည့်သွင်းပေးထားခြင်း
» မိမိနှစ်သက်သည့် သတင်းများအား မှတ်သားထားပြီးနောက် အချိန်မရွေး ပြန်လည် ဖတ်ရှုနိုင်ရန် ဖန်တီးထားခြင်း
» သတင်းများအား အလိုအလျောက် ဖျက်ဆီးသည့်စနစ်အား ပယ်ဖျက်ထားခြင်းကြောင့် သတင်းများအား မှတ်တမ်းအဖြစ် အမြဲသိမ်းထားနိုင်ခြင်း
» မျက်စေ့ အလုပ်လုပ်မှု သက်သာစေရန်အတွက် သက်ဆိုင်ရာစနစ်များ၏ ခေါင်းစဉ်များအား လှုပ်ရှားမှုများဖြင့် ဖန်တီးပေးထားခြင်း
အသုံးပြုနိုင်ရန် လိုအပ်ချက်
» Android Version 2.0 နှင့်အထက်
» ဇော်ဂျီ မြန်မာစာစနစ်တစ်ခုခု
» အင်တာနက်ဆက်သွယ်မှုစနစ် တစ်ခုခု (အင်တာနက်အား သတင်းသစ် ရယူစဉ် အများဆုံး ကြာချိန် ၅ မိနစ်ခန့် ရှိနိုင်ပါသည်။ သတင်းများ ပေးပို့စဉ်နှင့် ရုပ်/သံ အစီအစဉ်များကို ကြည့်ရှုနေသည့်အချိန်တို့တွင် အင်တာနက်ကို ဖွင့်ထားရန် လိုအပ်ပါသည်။ သတင်းများ ဖတ်နေစဉ် အင်တာနက် ဖွင့်ထားရန် မလိုအပ်ပါ။)
အလင်းမျက်ဝန်းသည် မြန်မာပြည်ကို ချစ်မြတ်နိုးသော မိဘပြည်သူများမှ မွေးဖွားလာသည့် လူငယ်များမှ မိမိတို့၏ ရင်တွင်းမှ မေတ္တာ စေတနာတို့ဖြင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ရှေးရှုကာ တင်ဆက်ပေးနေသည့် လွတ်လပ်သော
အစ္စလာမ့် မီဒီယာတစ်ခု ဖြစ်ပါသည်။
အလင်းမျက်ဝန်းသည် နိုင်ငံတစ်ခုခု (သို့) အဖွဲ့အစည်းတစ်ခုခု (သို့) လူတစ်ဦးဦး ထံမှ အထောက်အပံ့ ရယူ၍ ရပ်တည်နေခြင်းမဟုတ်ဘဲ လူငယ်များ၏ စုပေါင်းအင်အားဖြင့် လွတ်လပ်စွာ ရပ်တည်နေသည့် အပျော်တမ်း မီဒီယာတစ်ခုသာ ဖြစ်ပါသည်။
အလင်းမျက်ဝန်း၏ apk အား မည်သူမဆို အခမဲ့ လွတ်လပ်စွာ ပြန်လည် မျှဝေပေးနိုင်ပါသည်။ လွယ်ကူစွာ သုံးစွဲနိုင်ရန် စီစဉ်ပေးထားပါသည်။ အခက်အခဲ တစ်စုံတစ်ရာရှိလာပါက မိုဘိုင်း ကျွမ်းကျင်သူများနှင့် ဆက်သွယ်၍ဖြစ်စေ အလင်းမျက်ဝန်း၏
apk တွင် ဖော်ပြထားသည့် သက်ဆိုင်ရာလိပ်စာများမှဖြစ်စေ ဆက်သွယ်နိုင်ပါသည်။
Novidades em Version Name: Mubarak | Version Model: 3.0 | Creat mais recente
Informações sobre Alinn Myat Wunn အလင်းမျက်ဝန်း APK
Versões Antigas de Alinn Myat Wunn အလင်းမျက်ဝန်း
Baixar de Forma Rápida e Segura via APKPure App
Um clique para instalar arquivos XAPK/APK no Android!