ရေနဲ့ပတ်၀န်းကျင်၊ စွန့်ပစ်ပစ္စည်းနှင့် လူငယ်ရေးရာကဏ္ဏများကို လေ့လာနိုင်ပါသည်။
ခွန်အားသင်ခန်းစာ မိုဘိုင်းအက်ပလီကေးရှင်း တွင် ကျေးလက်ဒေသနေ ပြည်သူလူထုများ သိသင့်သိထိုက်သည့် အကြောင်းအရာသုံးခုဖြစ်သော ရေနဲ့ပတ်၀န်းကျင်သန့်ရှင်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် လူငယ်ရေးရာကဏ္ဏများကို ထည့်သွင်းဖော်ပြထားပါသည်။ အင်တာနက်ချိတ်ဆက်၍မရနိုင်သော နေရာဒေသများတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး သင်ခန်းစာများမှ တစ်ဆင့် အသိပညာများကြွယ်၀ကာ မိမိကိုယ်ကိုနှင့် ပတ်၀န်းကျင်ကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်လာနိုင်ပြီး လူနေမှုအဆင့်များမြှင့်တက်လာစေရန် ရည်ရွယ်ရေးဆွဲထားပါသည်။