Myanmar Microblog ထွေရာလေးပါး

  • 4.0 MB

    Ukuran file

  • Teen

  • Android 3.0+

    Android OS

Tentang Myanmar Microblog ထွေရာလေးပါး

Myanmar Microblog တွင် ထွေရာလေးပါး မေးချင်ရာမေး ပြောချင်ရာပြောလို့ ရတယ်။

ရည်​ရွယ်​ချက်

=========

* အင်​တာနက်​ ချိတ်​ထား​သော ဖုန်းမှတဆင့်​ အခြား အင်​တာနက်​ အသုံးပြုသူများနှင့်​ ဆက်​သွယ်​ပြောဆိုနိုင်​သော လွတ်​လပ်​သည့်​ ကွန်​ရက်​တစ်​ခုဖြစ်​လာ​စေရန်​ ရည်​ရွယ်​ပါသည်​။

* ယခုလက်​ရှိ အသုံးများ​နေ​သော အင်​တာနက်​ပေါ်ရှိ ကွန်​ယက်​အများစုမှာ အ​ကောင့်​ဖွင့်​ရန်​လိုပြီး တစ်​ယောက်​နှင့်​ တစ်​ယောက်​ သူငယ်​ချင်းအဖြစ်​ အသိအမှတ်​ပြုပြီးမှ ​ပြောဆို ဆက်​သွယ်​လို့ ရသည်​ဟု ထင်​ရသည်​။ သို့​သော်​ မိမိတင်​ထား​သော စာများကို ဘယ်​သူ​တွေ တကယ်​မြင်​ပြီး ဘယ်​သူတင်​ထားတာ​တွေ ကိုယ်​မြင်​ရတယ်​ဆိုတာ ​ဝေခွဲရခက်​လှပါတယ်​။ အခု ​ထွေရာ​လေးပါး မှာ​တော့ အ​ကောင့်​ ဖွင့်​စရာလဲမလိုဘူး။ သူငယ်​ချင်း ဖြစ်​စရာလဲ မလိုဘူး။ Like ဖို့လဲ မလိုဘူး။ ​ပြောချင်​တာ​ပြော။ ​မေးချင်​တာ​မေး။ ​ဖြေချင်​ရင်​ဖြေ။ မှတ်​ချက်​ချချင်​ရင်​ချ။ လူတိုင်း​ရေးသမျှ လူတိုင်း​တွေ့နိုင်​တယ်​။ အားလုံးလွတ်​လွတ်​လပ်​လပ်​ပဲ။

အသုံးပြုနည်း

=========

* ရင်​ဖွင့်​သံများထဲမှာ မိမိ​ပြောလိုတာ​တွေ ​ပြောလို့ ရပါတယ်​။ ကို​ယ့်​ပါတ်​ဝန်းကျင်​မှာ နား​ထောင်​မဲ့သူမရှိရင်​ သို့မဟုတ်​ လူတိုင်းကြားသိနိုင်​အောင်​ ​ပြောချင်​ရင်​ ​ပြောဖို့ပါ။ ကိုယ်​လို အ​တွေးအ​ခေါ်တူတဲ့သူ​တွေ အသွားအပြန်​ စကား​ပြောလို့လဲ ရသွားတာ​ပေါ့။

* ​မေးချင်​ရာ​မေး က​တော့ တကယ့်​ကို ​မေးချင်​ရာ​မေးပါပဲ။ အင်​တာနက်​က ဆက်​သွယ်​လိုက်​ရင်​ မိမိနဲ့ ချိတ်​ဆက်​နေတဲ့သူ​တွေ အများကြီးပါ။ ကိုယ်​သိချင်​တာ​တွေကို အ​ဖြေရှာမရတဲ့အခါ ​မေးချင်​ရာ​မေး ထဲမှာ ​မေးလိုက်​ရင်​ အ​ဖြေသိတဲ့သူ တစ်​ယောက်​ နှစ်​ယောက်​လောက်​ ဆီ​တော့ ​ပေါက်​ရောက်​သွားနိုင်​ပါတယ်​။ ထို့အပြင်​ အခြား ကိုယ်​လို လူ​တွေလဲ အ​ဖြေသိသွားတာ​ပေါ့။

* သတင်း​တွေ တင်​ပြီး မှတ်​ချက်​ပေး ​ဆွေး​နွေးလို့ ရ​အောင်​လဲ စီစဉ်​ပေးထားပါတယ်​။

* အလုပ်​ကြော်​ငြာများကို သတင်းစာထဲထည့်​သလို ထည့်​လို့ ရ​အောင်​ လုပ်​ထားပါတယ်​။ သတင်းစာ​ကြော်​ငြာထက်​ သာတဲ့အချက်​က​တော့ မှတ်​ချက်​ရေး​ဆွေး​နွေး နိုင်​ခြင်းပါပဲ။

* ကုန်​စည်​နှင့်​ စီးပွား​ရေးလုပ်​ငန်းများ အတွက်​လည်း အ​ရောင်းအဝယ်​ ​ကြော်​ငြာ ထဲ့လို့ ရပါတယ်​။ ​ရောင်းချင်​တာရှိပြီး ဝယ်​သူရှာလိုသူများနှင့်​ ဝယ်​ချင်​တာရှိပြီး ​ရောင်းသူရှာချင်​သူများအတွက်​ အဆက်​အသွယ်​လုပ်​လို့ ရပါတယ်​။ ​ရောင်းသူ နှင့်​ ဝယ်​သူ ​သေ​သေချာချာ ဆက်​သွယ်​ပြီး ယုံကြည်​ရမှ အ​ပေးအယူလုပ်​စေလိုပါတယ်​။

မှတ်​ချက်

======

* အဓိက သတိထားရမဲ့အချက်​က​တော့ Freedom of Speech (လွတ်​လပ်​စွာ​ပြောဆိုခွင့်​) ဆိုတာ အခြားဘယ်​သူ တစ်​ဦးတစ်​ယောက်​ကိုမျှ ထိခိုက်​နစ်​နာ​အောင်​ လုပ်​လို့ မရဘူးဆိုတာပါပဲ။ ​နောက်​တစ်​ခုက​တော့ မိမိ​ရေးသမျှတင်​သမျှကို ဘယ်​သူမဆို​တွေ့နိုင်​တာဖြစ်​လို့ သူများ​တွေကို မသိလိုတဲ့အရာ​တွေကို မ​ရေးတင်​ဖို့ သတိပြု​စေလိုပါတယ်​။ အင်​တာနက်​ပေါ်မှ စာသားများသည်​ အမှန်​ဖြစ်​နိုင်​သလို လိမ်​ညာမှု​တွေလဲ ဖြစ်​နိုင်​ပါသည်​။ အ​ကောင့်​ဖွင့်​စရာမလို ဘယ်​သူဘယ်​ဝါမှန်း ​ပြောစရာမလိုတဲ့အတွက်​ လူ​ယောင်​ဆောင်​ လူလိမ်​တွေလဲ ရှိနိုင်​ပါတယ်​။ အထူးသတိထားကြပါ။

Tampilkan SelengkapnyaTampilkan sedikit

What's new in the latest 0.0.03

Last updated on Aug 5, 2015
Minor bug fixes and improvements. Install or update to the newest version to check it out!

Informasi APK Myanmar Microblog ထွေရာလေးပါး

Versi terbaru
0.0.03
Kategori
Sosial
Android OS
Android 3.0+
Ukuran file
4.0 MB
Rating konten
Teen
Unduh APK dengan Aman dan Cepat di APKPure
APKPure menggunakan verifikasi tanda tangan untuk memastikan unduhan APK Myanmar Microblog ထွေရာလေးပါး yang bebas dari virus untuk Anda.

Versi lama Myanmar Microblog ထွေရာလေးပါး

Pengunduhan Super cepat dan aman melalui aplikasi APKPure

Sekali klik untuk menginstal file XAPK/APK di Android!

Unduh APKPure