Myanmar Microblog ထွေရာလေးပါး
4.0 MB
File Size
Teen
Android 3.0+
Android OS
About Myanmar Microblog ထွေရာလေးပါး
Myanmar Microblog တွင် ထွေရာလေးပါး မေးချင်ရာမေး ပြောချင်ရာပြောလို့ ရတယ်။
ရည်ရွယ်ချက်
=========
* အင်တာနက် ချိတ်ထားသော ဖုန်းမှတဆင့် အခြား အင်တာနက် အသုံးပြုသူများနှင့် ဆက်သွယ်ပြောဆိုနိုင်သော လွတ်လပ်သည့် ကွန်ရက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်။
* ယခုလက်ရှိ အသုံးများနေသော အင်တာနက်ပေါ်ရှိ ကွန်ယက်အများစုမှာ အကောင့်ဖွင့်ရန်လိုပြီး တစ်ယောက်နှင့် တစ်ယောက် သူငယ်ချင်းအဖြစ် အသိအမှတ်ပြုပြီးမှ ပြောဆို ဆက်သွယ်လို့ ရသည်ဟု ထင်ရသည်။ သို့သော် မိမိတင်ထားသော စာများကို ဘယ်သူတွေ တကယ်မြင်ပြီး ဘယ်သူတင်ထားတာတွေ ကိုယ်မြင်ရတယ်ဆိုတာ ဝေခွဲရခက်လှပါတယ်။ အခု ထွေရာလေးပါး မှာတော့ အကောင့် ဖွင့်စရာလဲမလိုဘူး။ သူငယ်ချင်း ဖြစ်စရာလဲ မလိုဘူး။ Like ဖို့လဲ မလိုဘူး။ ပြောချင်တာပြော။ မေးချင်တာမေး။ ဖြေချင်ရင်ဖြေ။ မှတ်ချက်ချချင်ရင်ချ။ လူတိုင်းရေးသမျှ လူတိုင်းတွေ့နိုင်တယ်။ အားလုံးလွတ်လွတ်လပ်လပ်ပဲ။
အသုံးပြုနည်း
=========
* ရင်ဖွင့်သံများထဲမှာ မိမိပြောလိုတာတွေ ပြောလို့ ရပါတယ်။ ကိုယ့်ပါတ်ဝန်းကျင်မှာ နားထောင်မဲ့သူမရှိရင် သို့မဟုတ် လူတိုင်းကြားသိနိုင်အောင် ပြောချင်ရင် ပြောဖို့ပါ။ ကိုယ်လို အတွေးအခေါ်တူတဲ့သူတွေ အသွားအပြန် စကားပြောလို့လဲ ရသွားတာပေါ့။
* မေးချင်ရာမေး ကတော့ တကယ့်ကို မေးချင်ရာမေးပါပဲ။ အင်တာနက်က ဆက်သွယ်လိုက်ရင် မိမိနဲ့ ချိတ်ဆက်နေတဲ့သူတွေ အများကြီးပါ။ ကိုယ်သိချင်တာတွေကို အဖြေရှာမရတဲ့အခါ မေးချင်ရာမေး ထဲမှာ မေးလိုက်ရင် အဖြေသိတဲ့သူ တစ်ယောက် နှစ်ယောက်လောက် ဆီတော့ ပေါက်ရောက်သွားနိုင်ပါတယ်။ ထို့အပြင် အခြား ကိုယ်လို လူတွေလဲ အဖြေသိသွားတာပေါ့။
* သတင်းတွေ တင်ပြီး မှတ်ချက်ပေး ဆွေးနွေးလို့ ရအောင်လဲ စီစဉ်ပေးထားပါတယ်။
* အလုပ်ကြော်ငြာများကို သတင်းစာထဲထည့်သလို ထည့်လို့ ရအောင် လုပ်ထားပါတယ်။ သတင်းစာကြော်ငြာထက် သာတဲ့အချက်ကတော့ မှတ်ချက်ရေးဆွေးနွေး နိုင်ခြင်းပါပဲ။
* ကုန်စည်နှင့် စီးပွားရေးလုပ်ငန်းများ အတွက်လည်း အရောင်းအဝယ် ကြော်ငြာ ထဲ့လို့ ရပါတယ်။ ရောင်းချင်တာရှိပြီး ဝယ်သူရှာလိုသူများနှင့် ဝယ်ချင်တာရှိပြီး ရောင်းသူရှာချင်သူများအတွက် အဆက်အသွယ်လုပ်လို့ ရပါတယ်။ ရောင်းသူ နှင့် ဝယ်သူ သေသေချာချာ ဆက်သွယ်ပြီး ယုံကြည်ရမှ အပေးအယူလုပ်စေလိုပါတယ်။
မှတ်ချက်
======
* အဓိက သတိထားရမဲ့အချက်ကတော့ Freedom of Speech (လွတ်လပ်စွာပြောဆိုခွင့်) ဆိုတာ အခြားဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာအောင် လုပ်လို့ မရဘူးဆိုတာပါပဲ။ နောက်တစ်ခုကတော့ မိမိရေးသမျှတင်သမျှကို ဘယ်သူမဆိုတွေ့နိုင်တာဖြစ်လို့ သူများတွေကို မသိလိုတဲ့အရာတွေကို မရေးတင်ဖို့ သတိပြုစေလိုပါတယ်။ အင်တာနက်ပေါ်မှ စာသားများသည် အမှန်ဖြစ်နိုင်သလို လိမ်ညာမှုတွေလဲ ဖြစ်နိုင်ပါသည်။ အကောင့်ဖွင့်စရာမလို ဘယ်သူဘယ်ဝါမှန်း ပြောစရာမလိုတဲ့အတွက် လူယောင်ဆောင် လူလိမ်တွေလဲ ရှိနိုင်ပါတယ်။ အထူးသတိထားကြပါ။
What's new in the latest 0.0.03
Myanmar Microblog ထွေရာလေးပါး APK Information
Old Versions of Myanmar Microblog ထွေရာလေးပါး
Myanmar Microblog ထွေရာလေးပါး 0.0.03
Super Fast and Safe Downloading via APKPure App
One-click to install XAPK/APK files on Android!