About PK SMS
SMS messenger for Myanmar (Dual Sim supported)
မြန်မာနိုင်ငံအတွက် သီးသန့် ရေးသားထားပါသည်။ ယူနီကုတ် အသုံးပြုသူနှင့် ဇော်ဂျီ အသုံးပြုသူတို့ အကြား ဖြစ်ပေါ်နေသော အခက်အခဲများ ကျော်လွှားနိုင်ရန် ရည်ရွယ်ပါသည်။ သင်သည် ယူနီကုတ် သုံးသည်ဖြစ်စေ ဇော်ဂျီ သုံးသည်ဖြစ်စေ သင်၏ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုး မိဘများဆီသို့ ဤ app ကို အသုံးပြု၍ စာတို (SMS) ပို့နိုင်ပြီ ဖြစ်သည်။
ရရှိနိုင်သော လုပ်ဆောင်ချက်များ
- ယူနီကုတ်၊ ဇော်ဂျီ မည်သူမဆို အသုံးပြုနိုင်သည်။
- မိမိ ရိုက်ထားသော စာကို ယူနီဖြင့်လည်းကောင်း ဇော်ဂျီဖြင့်လည်းကောင်း မိမိ စိတ်တိုင်းကျ ပို့နိုင်သည်။
- Sim နှစ်ကတ်ထိုး ဖုန်းများအတွက် အပြည့်အဝ ဝန်ဆောင်မှု ပေးထားသည်။
- စာပို့စဉ်မှာပင် မိမိ ကြိုက်နှစ်သက်ရာ Sim 1 သို့ Sim 2 ဖြင့် ရွေးပြီး ပို့နိုင်သည်။ Default Sim ပြောင်းနေစရာ မလိုပေ။
- စာတို ရေးသားစဉ် မိမိ ရေးထားသော စာအတိုအရှည်ကို လိုက်၍ စာတို တစ်စောင် ထွက်မည် သို့ နှစ်စောင် ထွက်မည် စသဖြင့် တွက်ချက် ပြထားမည်။
- ဝင်စာတွင်လည်း မည်သည့် Sim နံပတ်သို့ ဝင်ကြောင်း သင်္ကေတဖြင့် ဖော်ပြပေးထားသည်။
- မိမိ မကြိုက်သော စာများ မဝင်အောင် ပိတ်ဆို့နိုင်ခြင်း (Block) နှင့် အသိပေးခြင်း ပိတ် (Noti off) ထားနိုင်သည်။
- ဝင်စာများ ထွက်စာများကို သီးခြားစီ ကြည့်ရှုနိုင်မည်။
- မိမိ ပိတ်ဆို့ထားသော အဆက်အသွယ်များ၊ မိမိ ပိတ်ထားသော စာများကို ပြန်လည် ကြည့်ရှုနိုင်ပြီး ပြုပြင်မှုများ ပြုလုပ်နိုင်သည်။
- မိမိ မကြိုက်သော (သို့) အသုံးမဝင်သော စာများ ဖျက်နိုင်ပြီး ဖျက်စာကဏ္ဍတွင် ပြန်လည် ကြည့်ရှုနိုင်သည်။ မတော် ဖျက်မိလျှင်လည်း ပြန်လည် ခေါ်ယူ (Restore) နိုင်သည်။
- ကြိုက်နှစ်သက်ရာ စာတိုကို သူတပါးထံသို့ ထပ်ဆင့် လွှဲပို့ (Forward) နိုင်သည်။
အထူးသတိပြုရန်မှာ Android 5.1+ အထက် ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်သည်။
What's new in the latest 1
Adding some conversion rules about Zero and Seven
PK SMS APK Information

Super Fast and Safe Downloading via APKPure App
One-click to install XAPK/APK files on Android!