About True Taxi
You can search easy and quickly nearby taxi when open TRUE TAXI app
လူကြီးမင်းတို့ ရဲ့အချိန်ကိုတန်ဖိုးထားသောအားဖြင့် True Taxi Software ကိုအသုံးပြု၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကိုရယူလိုက်ပါ။ True Taxi Software ဆိုသည်မှာ ခရီးသည်နင့် Taxi Driver တို့၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးထား၍ နှစ်ဦးနှစ်ဖက်အချိန်ကို တန်ဖိုးရှိစွာအသုံးပြုနိုင်ရန် ဖန်တီးထားသော Software တစ်ခု ဖြစ်ပါသည်။ ခရီးသည် များ အနေဖြင့် အချိန်တိုတောင်းပြီး စျေးနုန်းသက်သာမှှုနှင့် လုံခြုံမှု ကို လိုချင်ကြပါလိမ့်မည်။ဒါကြောင့် True Taxi App က ခရီးသည် များ လိုအပ်နေသောအရာများ ကိုဖြည့််ဆည်းပေးလိုက်ပါပြီ။ ခရီးသည်မှ Taxi ကို နေပူမိုးရွာထဲတွင် လက်ပြ တားစီး၍ ဈေးဆစ်စရာမလိုပဲ မိမိဖုန်းကနေ True Taxi App ကိုဖွင့်ပြီး မိမိအနီးဆုံးမှာရှိတဲ့ Taxi ကို Map မြေပုံမှာရှာကာ ဖုန်း ခေါ်လိုက်သည်နဲ့ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း မိမိအရှေ့သို့ Taxi ရောက်ရှိလာမည် ဖြစ်ပါသည်။ ပြီးတော့ ဖုန်း ကိုမခေါ်ခင်မှာလည်း မိမိခေါ်မည့် Taxi ယာဉ်မောင်း၏ ဓာတ်ပုံ၊ ကားအမျိုးအစား၊ လိုင်စင်နှင့် မှတ်ပုံတင် ကိုလဲ Taxi Driver ရဲ့ Profile တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကားရောက်လာသည့်အချိန်တွင် မိမိခေါ်ဆိုသော Taxi ဟုတ် မဟုတ်ကို Profile တွင် ကြည့်ရုံဖြင့် သိရှိနိ်ုင်မည်ဖြစ်ပါသည်။ မိမိလိုက်ပါ စီးနှင်းသွားသောကား၏ ခရီးစဉ်အလိုက် စျေးနှုန်းကိုလည်း အသေးစိတ် သိရှိနိုင်မည် ဖြစ်ပါသည်။ လမ်းခရီးတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့သော် Call Center ခလုပ်ကိုနှိပ်၍ အကြောင်းကြားပါက လိုအပ်သော အကူအညီကို Call Center မှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ခေါ်ဆို အသုံးပြုမှုအတွက် ကုန်ကျမည်မဟုတ် ပါ။
Taxi Driver တွေ အနေဖြင့် မိမိ Taxi တွင် ခရီးသည်မရှိတင်ဆောင်ထားခြင်း မရှိပါက အင်တာနက်အား အဆင်သင့် ဖွင့်ထားပေးရန်သာဖြစ်ပါသည်။ ခရီးသည်ဘက်မှ ဖုန်း ခေါ်လာပြီဆိုသည်နှင့် ခရီးသည်အား မည်သည့်နေရာတွင် လာရောက် ခေါ်ဆောင်ရမည်ကို မေးမြန်း၍ ဖုန်းချလို်က်သည်နှင့် ခရီးသည်၏ တည်နေရာကို မြေပုံ၌ တွေ့ရှိရမည် ဖြစ်ပါသည်။ အကယ်၍ တစ်စုံတရာ မှားယွင်းမှှုကြောင့် မတွေ့ရပါက ခရီးသည် ခေါ်ဆိုထားသော Free Call မှ ပြန်လည် ခေါ်ဆိုနိုင်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှှုနှင့် တခြား အရေးကြီး သတင်းအချက်အလက်များကို Chat Box မှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ မက်ဆေ့ချ်၊ ဓါတ်ပုံ၊ မြေပုံ၊ အသံဖိုင် များဖြင့် ပေးပို့ သိရှိနိုင်မည်ဖြစ်ပါသည်။ မြို့တော်နှင့်ပတ်သက်သော Hot New များကိုလည်း အချိန်နှင့် တစ်ပြေညီ သိရှိစေနိုင်ပါ သည်။ အဆိုပါဝန်ဆောင်မှှု များအတွက် Taxi Driver ထံမှ Transaction တစ်ကြောင်းစာ အတွက် 300 ကျပ်သာ ပေးဆောင်ရမည် ဖြစ်ပါသည်။ Taxi Drivers များ လုံခြုံမှု အတွက် အခက်အခဲတစ်စုံတရာ ဖြစ်ပေါ်လာခဲ့သည်ရှိသော် Call Center သို့ ဆက်သွယ်လိုက်သည် နှင့် Driver ၏ လုံခြံုရေးအတွက် ထိရောက်သော နည်းလမ်းများ ဖြင့် အကူအညီပေးမည် ဖြစ်ပါသည်။
What's new in the latest 0.0.9
True Taxi APK Information
Old Versions of True Taxi
True Taxi 0.0.9
True Taxi 1.7
True Taxi 1.6
True Taxi 1.4

Super Fast and Safe Downloading via APKPure App
One-click to install XAPK/APK files on Android!